top of page

"အရင်ကလို လုပ်နေကျ ပုံစံအတိုင်းပဲ သွားလိုရပါတယ်..." ဆိုတဲ့ အတွေးဟာ အခုခေတ် စီးပွားရေးလောကမှာ အန္တရာယ်အရှိဆုံးအရာ ဖြစ်လာနေပါပြီ။

(𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ 𝗙𝗿𝗲𝗲 𝗣𝗗𝗙 တင်ပေးထားပါတယ်။)



နည်းပညာတွေ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ် (𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗘𝗿𝗮) မှာ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 ဆိုတာ လုပ်ငန်းကြီးတွေပဲ လုပ်ရမယ့်အရာ မဟုတ်တော့သလို 𝗜𝗧 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 တစ်ခုတည်းရဲ့ တာဝန်လည်း မဟုတ်တော့ပါဘူး။



အထူးသဖြင့် 𝗧𝗲𝗮𝗺 တစ်ခုလုံးကို ဦးဆောင်နေရတဲ့ 𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ယောက်အတွက် 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 ကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ဖိုက မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ။



🎯 ဒါဆိုရင် 𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ယောက်အနေနဲ့ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 ကို အောင်မြင်အောင် ဘယ်လို 𝗟𝗲𝗮𝗱 လုပ်မလဲ?



သိထားသင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။👇



၁။ 𝗧𝗼𝗼𝗹𝘀 မပြောင်းလဲခင် 𝗠𝗶𝗻𝗱𝘀𝗲𝘁 ကို အရင်ပြောင်းပါ 🧠



𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 ဆိုတာ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 အသစ်တွေ၊ 𝗧𝗲𝗰𝗵 𝗧𝗼𝗼𝗹𝘀 အသစ်တွေ ဝယ်သုံးလိုက်ရုံနဲ့ ပြီးသွားတယ်လို မထင်ပါနဲ့။



တကယ်တမ်း ပြောင်းလဲရမှာက "လူတွေရဲ့ 𝗠𝗶𝗻𝗱𝘀𝗲𝘁" ဖြစ်ပါတယ်။



𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ယောက်အနေနဲ့ ကိုယ့် 𝗧𝗲𝗮𝗺 က ဝန်ထမ်းတွေ နည်းပညာအသစ်တွေကို ကြောက်ရွံမနေဘဲ လွယ်လွယ်ကူကူ လက်ခံလာအောင်၊ အသားကျလာအောင် 𝗖𝘂𝗹𝘁𝘂𝗿𝗲 တစ်ခုကို အရင် တည်ဆောက်ပေးဖို လိုအပ်ပါတယ်။



၂။ 𝗗𝗮𝘁𝗮-𝗗𝗿𝗶𝘃𝗲𝗻 𝗗𝗲𝗰𝗶𝘀𝗶𝗼𝗻 𝗠𝗮𝗸𝗶𝗻𝗴 (အချက်အလက်ပေါ်အခြေခံပြီး ဆုံးဖြတ်ပါ) 📊



"ငါ့အတွေ့အကြုံအရတော့ ဒါမျိုးပဲ" ဆိုတဲ့ ခန့်မှန်းချက်တွေထက် 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗼𝗼𝗹𝘀 တွေကနေ ထွက်လာတဲ့ 𝗗𝗮𝘁𝗮 (အချက်အလက်) တွေကို ကြည့်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရပါမယ်။



ဒါမှသာ 𝗥𝗶𝘀𝗸 နည်းနည်းနဲ့ ထိရောက်တဲ့ ရလဒ်ကောင်းတွေ ထွက်လာမှာပါ။



၃။ 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗼𝘂𝘀 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 & 𝗔𝗴𝗶𝗹𝗶𝘁𝘆 (အမြဲလေ့လာပြီး လျင်မြန်စွာ လိုက်လျောညီထွေဖြစ်ဖိုလိုပါတယ်) 🔄



နည်းပညာတွေက ဒီနေ့ ကောင်းနေပေမယ့် မနက်ဖြန်မှာ နောက်တစ်ခု အစားထိုး ဝင်ရောက်လာနိုင်ပါတယ်။



ဒါကြောင့် 𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ယောက်ကိုယ်တိုင်က အသစ်အသစ်တွေကို အမြဲလေ့လာနေရမှာဖြစ်သလို ဈေးကွက်အခြေအနေအရ လိုအပ်ရင် လိုအပ်သလို လျင်လျင်မြန်မြန် ပြောင်းလဲလုပ်ကိုင်နိုင်မယ့် 𝗔𝗴𝗶𝗹𝗲 𝗠𝗶𝗻𝗱𝘀𝗲𝘁 ရှိနေဖိုလည်း လိုအပ်ပါသေးတယ်။



အနှစ်ချုပ်အနေနဲ့ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 ရဲ့ အဓိကသော့ချက်က 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 မဟုတ်ပါဘူး၊ "𝗣𝗲𝗼𝗽𝗹𝗲 (လူများ)" သာ ဖြစ်ပါတယ်။



နည်းပညာကို အသုံးချပြီး ကိုယ့် 𝗧𝗲𝗮𝗺 ရဲ့ 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 ကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ကောင်းကောင်း 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 ချနိုင်တဲ့ 𝗠𝗮𝗻𝗮𝗴𝗲𝗿 တွေသာ အနာဂတ်မှာ ရှေ့ကနေ ဆက်လက် ဦးဆောင်သွားနိုင်မှာပါ။



အဲဒါကြောင့် 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 နဲ့ ပတ်သက်ပြီး 𝗛𝗮𝗿𝘃𝗮𝗿𝗱 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝗰𝗵𝗼𝗼𝗹 ကနေ ထုတ်ဝေထားတဲ့ 𝗔𝗿𝘁𝗶𝗰𝗹𝗲 တစ်ခုကို 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ တင်ပေးထားတာဖြစ်လို အခမဲ့ 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 ရယူနိုင်ပါတယ်။




 
 
 

Comments


bottom of page