လုပ်ငန်းသစ်တွေကို တိတ်တဆိတ်သတ်ပစ်နေတဲ့ လုပ်ငန်းသတ်သမား (၅)ဦး
- Naing Min Khant
- 21 hours ago
- 1 min read

လုပ်ငန်းသစ်တစ်ခု "စ" ထောင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့်... လေ့လာမှုတွေအရ လုပ်ငန်းသစ် ၇၀% လောက်ဟာ (၃) နှစ် မပြည့်ခင်မှာပဲ ရပ်နားသွားကြရပါတယ်။ ဒါဟာ အမှားကြီးတွေ လုပ်မိလို့တော့ မဟုတ်ပါဘူး။ လုပ်ငန်းရှင် အသစ်တွေ သတိမထားမိတတ်တဲ့ အောက်ပါ "တိတ်တဆိတ် လုပ်ငန်းသတ်သမား ၅ ဦး" ကြောင့်ပါ။
(၁) Cash Flow (ငွေကြေးလည်ပတ်မှု) အခက်အခဲ
လုပ်ငန်းတော်တော်များများဟာ ရောင်းအားမကောင်းလို ပျက်စီးတာမဟုတ်ဘဲ... ငွေဝင်တာနောက်ကျပြီး၊ ငွေထွက်တာ (စရိတ်) စောနေတာကြောင့် ဒေဝါလီခံလိုက်ရတာပါ။
(၂) Market Fit မဖြစ်ခြင်း
ကုန်ပစ္စည်းကောင်းရုံနဲ့ မလုံလောက်ပါဘူး။
ဖောက်သည်တွေ "တကယ်လိုအပ်နေတဲ့အရာ" ဖြစ်မှသာ လုပ်ငန်းက ကြီးထွားလာမှာပါ။
(၃) Marketing စရိတ် မြင့်မားလွန်းခြင်း
Facebook Post တစ်ခုကို Boost လုပ်ရုံနဲ့ Strategy မမြောက်ပါဘူး။
ဖောက်သည်တစ်ယောက်ရလာဖို့ ကုန်ကျစရိတ်များနေရင် အမြတ်ကျန်မှာ မဟုတ်ပါဘူး။
(၄) မှန်ကန်တဲ့ Team မရှိခြင်း
လုပ်ငန်းတစ်ခုဆိုတာ နောက်ကွယ်က လူတွေ (Team) တော်မှ တည်မြဲတာပါ။
ဝန်ထမ်းရွေးချယ်မှု မှားယွင်းခြင်းက ရောင်းအားကျတာထက်တောင် လုပ်ငန်းကို ပိုထိခိုက်စေနိုင်ပါတယ်။
(၅) ပြင်ပအန္တရာယ်များကို ကြိုမမြင်ခြင်း
လိုင်စင်၊ အခွန်၊ ငွေလဲလှယ်မှုပြဿနာ၊ မူဝါဒအပြောင်းအလဲ၊ လက်ရှိစီးပွားရေးဝန်းကျင်အခင်းအကျင်း စတာတွေကို နားမလည်ရင် အချိန်မရွေး လုပ်ငန်းရပ်သွားနိုင်ပါတယ်။
အောင်မြင်တဲ့ လုပ်ငန်းရှင်တွေက ကံကောင်းတာလား?
မဟုတ်ပါဘူး... သူတို့က ဒီအန္တရာယ် (၅) ခုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ တခြားသူတွေထက် ပိုနားလည်ထားကြလို့ပါ။ မိတ်ဆွေအနေနဲ့...
Business Planning
Marketing & Operations
Leadership
Financial Management
စတဲ့ လုပ်ငန်းခွင်သုံး Skill တွေကို စနစ်တကျ လေ့လာပြီး ကိုယ့်လုပ်ငန်းကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင်...
LumiLife International College မှာ ဖွင့်လှစ်ထားတဲ့ BBA, MBA နဲ့ Professional Diploma တန်းတွေက မိတ်ဆွေအတွက် အသင့်ရှိနေပါတယ်။ လုပ်ငန်းရှင်အသစ်တွေ မှားတတ်တဲ့ အမှားတွေကို ရှောင်ရှားပြီး စနစ်တကျ ဦးဆောင်နိုင်ဖို့ ဒီနေ့ပဲ စုံစမ်းမေးမြန်းလိုက်တော့နော်။




Comments